အရေးပေါ်
မိုးလေဝသ

နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံက လူနာတချို့ပါ ရွှေ့ပြောင်းပေးခဲ့ရ

၂၀၂၆ သြဂုတ် ၁ Myo Taw
နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံက လူနာတချို့ပါ ရွှေ့ပြောင်းပေးခဲ့ရ

နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံက လူနာတချို့ပါ ရွှေ့ပြောင်းပေးခဲ့ရ

ဩဂုတ် ၁

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ လူနေအိမ်တွေနှင့် ဥတ္တရသီရိမြို့နယ်ရှိ ဆေးရုံတွေမှာ ဇူလိုင် ၃၁ ရက်နေ့ မနေ့က ညပိုင်းမှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြောင်းရွှေ့မှုတွေ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ပုဗ္ဗသီရိမြို့နယ် ဂွေ့ကြီးချောင်း ရေလျှံမှုကြောင့် ဆင်ဖြူရှင်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ ရန်ကုန် (၁) လမ်း၊ ရန်ကုန် (၂) လမ်းနှင့် ရန်ကုန် (၃) လမ်းတို့မှာ ရေဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေကို ကား၊ အိုးဝေ တို့နဲ့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဥတ္တရသီမြို့နယ်မှာရှိတဲ့ ဖိုးဆောင်းတောင်မှ တောင်ကျရေ ဝင်ရောက်မှုကြောင့် အရိုးရောဂါ အထူးကု ဆေးရုံရဲ့ သွေးလှူဆောင်၊ ဓာတ်မှန်ဆောင်နှင့် ဆေးရုံဝန်းအတွင်းမှာ ရေဝင်ရောက်ခဲ့ပြီး လူနာတချို့ပါ ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

"မနေ့ည ၉ နာရီလောက်က စဖြစ်တာ။ ဥတ္တရသီရိ ခုတင် ၅၀၀ အရိုးဆေးရုံကြီးမှာတော့ ဆုံးရှုံးပျက်စီးမှု တော်တော်များသွားတယ်။ သွေးလှူဘဏ်က သွေးအိတ်တွေလည်း ရွှေ့ရတယ်။ လူနာ ၄ ယောက် ကိုတော့ ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ ကို ရွှေ့ပေးလိုက်ရတယ်။ လက်ရှိမှာတော့ ရေတွေက ပြန်ကျနေပြီ။ အဆောက်အဦ တွေထဲထိ ရေဝင်တော့ ကြမ်းခင်းတွေမှာ ရွှံတွေချည်းပဲ ကျန်ခဲ့တယ်" လို့ လူမှုကရုဏာရှင် အသင်းမှ တာဝန်ရှိသူတဦးက မြို့တော်ကို ပြောပါတယ်။

ပုဗ္ဗသီရိမြို့နယ်ရှိ လူနေအိမ်တွေနှင့် ဥတ္တရသီရိမြို့နယ်ရှိ အရိုးဆေးရုံကြီး ရေလျှံ ရေဝင်ရောက်မှုတွေကို အရပ်ဘက် လူမှုကူညီရေးအသင်းတွေဖြစ်တဲ့ လူမှုကရုဏာရှင် အသင်း၊ ပျဉ်းမနား အရန်မီးသတ်မှ ကိုဟိန်းအဖွဲ့၊ သက္ကမေတ္တာရှင် ပရဟိတအသင်း၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်စခန်း၊ တပင်ရွှေထီးနယ်မြေ မီးသတ်စခန်း၊ ဥတ္တရခရိုင် မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ပြောင်းပေးခဲ့ကြရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (12)

ဆက်စပ် သတင်းများ

မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းတို့မှာ ဆက်လက်ပြီး အားကောင်းနေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဖတ်ရန်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို မိုးလေဝသ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၂၈ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ…

ဖတ်ရန်
လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို မိုးလေဝသ

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေတဲ့…

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို

ECMWF နှင့် ICON မော်ဒယ် တို့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် -…

ဖတ်ရန်