အရေးပေါ်
မိုးလေဝသ

မုန်တိုင်းအကြွင်းအကျန်ကြောင့် နေပြည်တော်နှင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
မုန်တိုင်းအကြွင်းအကျန်ကြောင့် နေပြည်တော်နှင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

မုန်တိုင်းအကြွင်းအကျန်ကြောင့် နေပြည်တော်နှင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

စက်တင်ဘာ ၆

ECMWF, GFS, ICON မော်ဒယ်ကြီး ၃ ခုရဲ့ ထုတ်ပြန်ချက်တွေအရ တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်မှာ လေဖိအားနည်းစနစ် စတင်အားကောင်းလာပြီး ဗီယက်နမ်ကမ်းခြေသို့ စက်တင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း အနောက်ဘက် ဦးတည်ရွေ့မယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

စက်တင်ဘာလ ၁၆ နဲ့ ၁၇ ရက်အတွင်း အဆိုပါစနစ်ဟာ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ကို ဖြတ်ကျော်ပြီး မုန်တိုင်းအကြွင်းအကျန်နှင့် မိုးတိမ်တိုက်ကြီးတွေအဖြစ် အားလျော့သွားနိုင်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၈ မှ ၂၀ ရက်အတွင်း မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းတွေနှင့် စိုစွတ်တဲ့ မုတ်သုံလေပူတို့ ရောနှောကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော် တို့အထိ စိမ့်ဝင်ဖြတ်ကျော်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ (အင်းလေး)၊ ရမည်းသင်း၊ ပျော်ဘွယ် အနီးတဝိုက်တို့မှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မကွေးတိုင်း အရှေ့ဘက်ခြမ်းနှင့် ရေဆင်း/ပေါင်းလောင်း မြစ်ဝှမ်းဒေသတွေမှာ နေရာကွက်ကျား မိုးကြီးတာနှင့် မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး အချို့နေရာတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် မြင့်မားစွာ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းတောင်နှင့် ရှမ်းမြောက် တောင်ကုန်းတောင်တန်း ဒေသတွေမှာ မိုးဆက်တိုက် ရွာသွန်းပါက တောင်ကျရေ ရုတ်တရက် ကျဆင်းလာနိုင်ပြီး ရှမ်းပြည်နယ်မှ စီးဆင်းလာတဲ့ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်ဝှမ်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ နေပြည်တော် တဝိုက်ရှိ ချောင်းတွေနှင့် ဆက်စပ်ရေလှောင်တမံတွေမှာ ရေဝင်ရောက်မှု လျင်မြန်စွာ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို မိုးလေဝသ

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

ICON Model ၊ ထိုင်းမိုးလေဝသဌာန နှင့် အိန္ဒိယမိုးလေဝသဌာန တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ စက်တင်ဘာလ ၁၀…

ဖတ်ရန်
နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ မိုးလေဝသ

နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ

ဟိမဝန္တာဒေသ နီပေါနဲ့ တိဘက်မှာ ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေခဲမြစ်ပြိုကျမှုကြောင့် ရုတ်တရက် အလွန်ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၇၃…

ဖတ်ရန်
ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး မိုးလေဝသ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသွားတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိ ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။

ဖတ်ရန်