အရေးပေါ်
မိုးလေဝသ

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

စက်တင်ဘာ ၁၀

ICON Model ၊ ထိုင်းမိုးလေဝသဌာန နှင့် အိန္ဒိယမိုးလေဝသဌာန တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ စက်တင်ဘာလ ၁၀ ရက် ဒီကနေ့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပိုကောင်းလာနိုင်ပြီး အဆိုပါ စနစ်ဟာ အိန္ဒိယနိုင်ငံ ကမ်းလွန်ဘက်သို့ ဦးတည်မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသတွေမှာ ရေငွေ့ကြွယ်ဝတဲ့ မိုးတိမ်တွေ ဝင်ရောက်လာနိုင်မယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အတွင်း တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းရှိ လေဖိအားနည်းဆဲလ်ဟာ အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာမှာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားရောက်ရှိမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အတွင်း တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း တိုက်ခတ်နေတဲ့ အနောက်တောင် မုတ်သုံလေ အရှိန်အဟုန်ဟာ ပိုမိုပြင်းထန် အားကောင်းလာမှာဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ မိုးရွာသွန်းမှု သိသိသာသာ ပြန်လည် မြင့်တက်လာမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှာ မုတ်သုံလေ ပြင်းထန်စွာ အားကောင်းလာမှာဖြစ်တာကြောင့် စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်နေ့အတွင်း နေရာကွက်ကျား မိုးကြီးတဲ့ အခြေအနေမှ လွန်စွာမိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း)၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့မှာ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း မုတ်သုံမြောင် နိမ့်ဆင်းလာတာနှင့် မုတ်သုံလေ အားကောင်းလာတာတို့ကြောင့် မိုးရွာသွန်းမှု ဆက်တိုက် ရှိနေမယ်လို့ ဆိုပါတယ်။ ပဲခူးရိုးမ အရှေ့ဘက် တောင်ခြေဒေသတွေနှင့် ဧရာဝတီမြစ်ဝှမ်း/ငဝန်မြစ်ဝှမ်း အပါအဝင် မြေနိမ့်ပိုင်းဒေသတွေမှာ လက်ရှိ ရေကြီးဝပ်နေမှု အခြေအနေဟာ လျင်မြန်စွာ ကျဆင်းနိုင်တာမျိုး မရှိသေးဘဲ ရေကျဆင်းမှု ပိုမိုနှောင့်နှေးနေဦးမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့မှာ မုတ်သုံမြောင်တန်းဟာ တောင်ဘက်သို့ လုံးဝနိမ့်ဆင်းသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးရွာသွန်းမှု သိသိသာသာ ပါးသွားမယ်လို့ ဆိုပါတယ်။ မြစ်ဖျားပိုင်းမှာ မိုးပါးသွားတာကြောင့် အထက်မြစ်ရေစီးဆင်းမှု နည်းပါးလာပြီး ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းနှင့် အောက်ပိုင်းတို့မှာ မြစ်ရေမြင့်တက်မှု လျော့နည်းသွားတာ သို့မဟုတ် ရပ်တန့်နေတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း/တောင်ပိုင်း/အရှေ့ပိုင်း) နှင့် ကရင်နီပြည်နယ် တို့မှာ အလယ်ပိုင်း မိုးနည်းဇုန်နှင့် အရှေ့ဘက် ကုန်းမြင့်ဒေသတွေ တာကြောင့် ၇ ရက်အတွင်း တိမ်အသင့်အတင့်သာ ဖြစ်ထွန်းပြီး ယခင်ရက်တွေထက် မိုးရွာသွန်းမှု နည်းပါးမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

မုန်တိုင်းအကြွင်းအကျန်ကြောင့် နေပြည်တော်နှင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို မိုးလေဝသ

မုန်တိုင်းအကြွင်းအကျန်ကြောင့် နေပြည်တော်နှင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

ECMWF, GFS, ICON မော်ဒယ်ကြီး ၃ ခုရဲ့ ထုတ်ပြန်ချက်တွေအရ တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်မှာ လေဖိအားနည်းစနစ် စတင်အားကောင်းလာပြီး ဗီယက်နမ်ကမ်းခြေသို့ စက်တင်ဘာလ…

ဖတ်ရန်
နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ မိုးလေဝသ

နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ

ဟိမဝန္တာဒေသ နီပေါနဲ့ တိဘက်မှာ ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေခဲမြစ်ပြိုကျမှုကြောင့် ရုတ်တရက် အလွန်ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၇၃…

ဖတ်ရန်
ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး မိုးလေဝသ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသွားတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိ ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။

ဖတ်ရန်