အရေးပေါ်
မိုးလေဝသ

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တချို့မှာ မိုးပိုကြီးနိုင်တယ်လို့ဆို

စက်တင်ဘာ ၁၀

ICON Model ၊ ထိုင်းမိုးလေဝသဌာန နှင့် အိန္ဒိယမိုးလေဝသဌာန တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ စက်တင်ဘာလ ၁၀ ရက် ဒီကနေ့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပိုကောင်းလာနိုင်ပြီး အဆိုပါ စနစ်ဟာ အိန္ဒိယနိုင်ငံ ကမ်းလွန်ဘက်သို့ ဦးတည်မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသတွေမှာ ရေငွေ့ကြွယ်ဝတဲ့ မိုးတိမ်တွေ ဝင်ရောက်လာနိုင်မယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အတွင်း တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းရှိ လေဖိအားနည်းဆဲလ်ဟာ အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာမှာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားရောက်ရှိမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အတွင်း တောင်တရုတ်ပင်လယ် မုန်တိုင်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း တိုက်ခတ်နေတဲ့ အနောက်တောင် မုတ်သုံလေ အရှိန်အဟုန်ဟာ ပိုမိုပြင်းထန် အားကောင်းလာမှာဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ မိုးရွာသွန်းမှု သိသိသာသာ ပြန်လည် မြင့်တက်လာမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှာ မုတ်သုံလေ ပြင်းထန်စွာ အားကောင်းလာမှာဖြစ်တာကြောင့် စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်နေ့အတွင်း နေရာကွက်ကျား မိုးကြီးတဲ့ အခြေအနေမှ လွန်စွာမိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း)၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့မှာ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း မုတ်သုံမြောင် နိမ့်ဆင်းလာတာနှင့် မုတ်သုံလေ အားကောင်းလာတာတို့ကြောင့် မိုးရွာသွန်းမှု ဆက်တိုက် ရှိနေမယ်လို့ ဆိုပါတယ်။ ပဲခူးရိုးမ အရှေ့ဘက် တောင်ခြေဒေသတွေနှင့် ဧရာဝတီမြစ်ဝှမ်း/ငဝန်မြစ်ဝှမ်း အပါအဝင် မြေနိမ့်ပိုင်းဒေသတွေမှာ လက်ရှိ ရေကြီးဝပ်နေမှု အခြေအနေဟာ လျင်မြန်စွာ ကျဆင်းနိုင်တာမျိုး မရှိသေးဘဲ ရေကျဆင်းမှု ပိုမိုနှောင့်နှေးနေဦးမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့မှာ မုတ်သုံမြောင်တန်းဟာ တောင်ဘက်သို့ လုံးဝနိမ့်ဆင်းသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးရွာသွန်းမှု သိသိသာသာ ပါးသွားမယ်လို့ ဆိုပါတယ်။ မြစ်ဖျားပိုင်းမှာ မိုးပါးသွားတာကြောင့် အထက်မြစ်ရေစီးဆင်းမှု နည်းပါးလာပြီး ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းနှင့် အောက်ပိုင်းတို့မှာ မြစ်ရေမြင့်တက်မှု လျော့နည်းသွားတာ သို့မဟုတ် ရပ်တန့်နေတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း/တောင်ပိုင်း/အရှေ့ပိုင်း) နှင့် ကရင်နီပြည်နယ် တို့မှာ အလယ်ပိုင်း မိုးနည်းဇုန်နှင့် အရှေ့ဘက် ကုန်းမြင့်ဒေသတွေ တာကြောင့် ၇ ရက်အတွင်း တိမ်အသင့်အတင့်သာ ဖြစ်ထွန်းပြီး ယခင်ရက်တွေထက် မိုးရွာသွန်းမှု နည်းပါးမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်
မုန်တိုင်းအကြွင်းအကျန်နှင့် လေဖိအားနည်းဆဲလ်တွေကြောင့် နိုဝင်ဘာလ ၃ ရက်အထိ မြန်မာပြည်အနှံ့ မိုးဆက်ရွာသွန်းနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

မုန်တိုင်းအကြွင်းအကျန်နှင့် လေဖိအားနည်းဆဲလ်တွေကြောင့် နိုဝင်ဘာလ ၃ ရက်အထိ မြန်မာပြည်အနှံ့ မိုးဆက်ရွာသွန်းနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ကမ်းခြေ ရာနမ်မြို့တောင်ဘက် အနီးမှ မြေပြင်သို့ ဝင်ရောက်ဖြတ်ကျော်လျက်ရှိပြီး မြေပြင်နှင့်…

ဖတ်ရန်
မုန်တိုင်းအရှိန်ကြောင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ပိုင်းဒေသတွေမှာ ၃ ရက်ခန့် မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

မုန်တိုင်းအရှိန်ကြောင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ပိုင်းဒေသတွေမှာ ၃ ရက်ခန့် မိုးကြီးနိုင်တယ်လို့ဆို

ICON MODEL ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း မုန်တိုင်း အစွန်အဖျား တိမ်တိုက်တွေနှင့်…

ဖတ်ရန်
ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာပြည်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာပြည်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန၊ ထိုင်းမိုးလေဝသဌာန၊ ICON Model တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ၎င်းနှင့် ဆက်စပ်နေတဲ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့…

ဖတ်ရန်