အရေးပေါ်
မှုခင်းသတင်း

DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၇ Myo Taw
DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို

DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို

ဇူလိုင် ၂၇

မော်လမြိုင်-ရန်ကုန် အမှတ်(၈၄) အစုန် DEMU ရထားပေါ်မှာ အော်ဟစ်ပျော်ပါးခဲ့တဲ့ ဒေါ်မြသန်း ဦးစီးတဲ့ ကမ်းနားလမ်း အားကစားအဖွဲ့က ၅၄ ဦးစလုံးကို ဝေဖန်ပြောဆိုမှုတွေ များလာတာကြောင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် မနေ့က မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က မော်လမြိုင်-ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားရဲ့ ပထမတန်း အတွဲ(၃)က ခုံ ၆၀ အတွက် လက်မှတ်ဝယ်ယူခဲ့ကာ ဒေါ်မြသန်းဦးစီတဲ့ ကမ်းနားလမ်းအဖွဲ့က လိုက်ပါစီးနင်းခဲ့ကြပြီး ရထားတစ်တွဲလုံး ဆူညံစွာအော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။

“ရထားတစ်စီးလုံး ငှားတာဆို တမျိုးပေါ့၊ အခုက တတွဲလောက်အပြတ် လက်မှတ်ဖြတ်ပြီး ရထားတစီးလုံးက ခရီးသည်တွေ နားမခံသာအောင် ဆူညံနေကြတာ၊ အသက်တွေကြည့်တော့ ဘိုးဘွားရိပ်သာ သွားရမယ့်အရွယ်တွေ၊ အဲ့ထဲမှာ အရာရှိကတော်တွေလည်းပါတယ်၊ အခုလိုအရေးယူပေးမှ တခြားသူတွေလည်း နောက်နောင်ဆင်ခြင်ကြမှာ” လို့ ခရီးသွားပြည်သူတဦးက မြို့တော်ကို ပြောပါတယ်။

အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်တွေမှာထိုင်ခြင်း၊ ရထားကြမ်းခင်းလျှောက်လမ်းမှာ ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့စားသောက်ခြင်း၊ TikTok ရိုက်ကူးခြင်းအပြင် ဆူညံစွာ ကခုန်ကြတာတွေကြောင့် ရထားစီးခရီးသည်တွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး ဖမ်းဆီးပေးဖို့ တောင်းဆိုကြတာကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၈) မော်လမြိုင်မှ အထူးတန်းရုံပိုင်ကြီး ဦးသန်းစိုးကနေ တရားလိုပြုလုပ် တိုင်ကြားခဲ့ကာ ဒေါ်မြသန်း အပါအဝင် ၅၄ ဦးစလုံးကို မော်လမြိုင် မြို့မရဲစခန်းက ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၈(က) အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

လတ်တလောမှာ ဒေါ်မြသန်းနဲ့ အဖွဲ့ကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးထားတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး DEMU အမြန်ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်အယှက်ဖြစ်အောင်လုပ်ပြီး အရက်သေစာ သောက်စားမူးယစ်နေတဲ့ အမျိုးသား ၃ ဦးနဲ့ ရထားပေါ်မှာ ကွမ်းယာစားပြီး ထုံးနဲ့ ကွမ်းတံတွေးတွေပေကျံကာ ပတ်ဝန်းကျင်ကို ညစ်ပတ်အောင်ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ၄ ဦးကိုလည်း (ပ)၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၈(က) နဲ့ ထောင်ဒဏ် ၂ လစီ ချခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

FMI အိမ်ရာမှာ အဆောင်မှူးက ဓားနဲ့ထိုးလို့ အိမ်ရာလုံခြုံရေးတာဝန်ခံ သေဆုံး‎ မှုခင်းသတင်း

FMI အိမ်ရာမှာ အဆောင်မှူးက ဓားနဲ့ထိုးလို့ အိမ်ရာလုံခြုံရေးတာဝန်ခံ သေဆုံး‎

‎ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့)မြို့နယ်၊ FMI အိမ်ရာ၊ ဂိတ် ၃ ပေါက်အနီးမှာ အိမ်ရာလုံခြုံရေး တာဝန်ဆောင်ရွက်နေသူ လူငယ်တဦး ဓားထိုးခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တရမ်းခရိုင်မှာ ရည်းစားဖြစ်သူနဲ့ ပူးပေါင်းပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့မှုနဲ့ ဝရမ်းထုတ်ခံထားရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးဟာ ထွက်ပြေးလွတ်မြောက်နေတာ နှစ်ပေါင်း ၂၀…

ဖတ်ရန်
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့ မှုခင်းသတင်း

နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၂၀) အနီး လယ်ယာမြေထဲမှာ အဆောက်အဦးတွေ အခိုင်အမာတည်ဆောက်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကို ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့်…

ဖတ်ရန်
လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး မှုခင်းသတင်း

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်တွေ မောင်းနှင်လာတဲ့ ကားနဲ့ လင်းမယား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား…

ဖတ်ရန်