အရေးပေါ်
မှုခင်းသတင်း

အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးယူတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ

၂၀၂၆ သြဂုတ် ၂၃ Myo Taw
အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးယူတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အုတ်ကျင်းဘုန်းတော်ကြီးကျောင်းက စေတီတော်ကြီးရဲ့ အရံစေတီက ထီးတော်တွေကို ခိုးယူတဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက အုတ်ကျင်းဘုန်းတော်ကြီးကျောင်းမှာ တည်ထားတဲ့ စေတီတော်ကြီးရဲ့ အရံစေတီက ရွှေထီးတွေကို ဖြုတ်ယူနေတဲ့ အမျိုးသမီးတဦးကို ဒေသခံတွေက တွေ့သွားပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာလို့ သိရပါတယ်။

"မိန်းကလေးတယောက်က စေတီပေါ်တက်ပြီး အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးနေတာတွေ့လို့ ဝိုင်းဖမ်းကြတာ၊ ကောင်မလေးကလည်း ဝန်ခံတယ်၊ ဝမ်းရေးအတွက် ရောင်းစားဖို့ လုပ်တာလို့ ပြောတယ်၊ ထုရိုက်တာတော့ မလုပ်ကြပါဘူး၊ ရဲလက် အပ်လိုက်ကြပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေထီးတော်ခိုးယူတဲ့ အမျိုးသမီးဟာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်က အသက် ၂၅ နှစ်အရွယ် မအိအိဖြိုး ဆိုသူဖြစ်ပြီး ဖြုတ်ယူခံရတဲ့ ထီးတော်တွေကို ပြန်လည်တပ်ဆင်ဖို့ အနေကဇာ ပြန်တင်ထားကြတယ်လို့ သိရပါတယ်။

ခိုးယူသူအမျိုးသမီးကို ရပ်စောက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပေမဲ့ တိုင်တန်သူမရှိသေးလို့ အမှုဖွင့်လှစ်ထားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်