အရေးပေါ်
မှုခင်းသတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့တဲ့ ကျောင်းသား ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

၂၀၂၆ သြဂုတ် ၂၇ Myo Taw
တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့တဲ့ ကျောင်းသား ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခြေခံပညာကျောင်းသား ၄ ဦး တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့ကြတာကြောင့် အာဏာသိမ်းစစ်တပ်က ဖမ်ဆီးလိုက်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ၂၄ ရက်နေ့တို့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ၄ ဦးကို သိမ်ဇရပ် အမှတ်(၄)နဲ့ အမှတ်(၆) ရပ်ကွက်က သူတို့နေထိုင်ရာ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

"ပြီးခဲ့တဲ့ရက်က သူတို့ကျောင်းပိတ်လို့ ဝင်းကံပြည်သူ့ကာကွယ်ရေး စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ပြီး လိုင်းပေါ်တင်တဲ့ကိစ္စ ပြန့်သွားလို့ အာဏာသိမ်းစစ်တပ်က ဝင်ဖမ်းလိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေဟာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဖြစ်ပြီး Grade 7 ကနေ Grade 11 ထိ ကျောင်းသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ သိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းက အရာခံဗိုလ်တဦးရဲ့ သားဖြစ်သူလည်း ပါတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ရေဘီးလူး Page ကို Like ပေးသူ Comment ပေးသူပါ မကျန် ဖမ်းဆီးနေပြီး လတ်တလော ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ မိသားစုဘက်က သွားရောက်ညှိနှိုင်းပေမယ့် ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်