အရေးပေါ်
နိုင်ငံတကာသတင်း

မိုင်ယာမီလေဆိပ်မှာ Amazon Prime Air ကုန်တင်လေယာဉ် ပျက်ကျပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
မိုင်ယာမီလေဆိပ်မှာ Amazon Prime Air ကုန်တင်လေယာဉ် ပျက်ကျပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

မိုင်ယာမီလေဆိပ်မှာ Amazon Prime Air ကုန်တင်လေယာဉ် ပျက်ကျပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

စက်တင်ဘာ ၇

အမေရိကန်၊ ဖလော်ရီဒါပြည်နယ် မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက Amazon Prime Air ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းကျော်လွန်ကာ ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးသွားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ပေါ်တိုရီကိုကနေ ထွက်ခွာလာတဲ့ Flight 7598 လေယာဉ်ဟာ မွန်းလွဲ ၂ နာရီ မတိုင်မီ လေဆိပ်ကို ဆင်းသက်နေစဉ် ပြေးလမ်းကို ကျော်လွန်သွားပြီး မြေပြင်ပေါ်က မော်တော်ယာဉ်တွေကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီမတော်တဆမှုကြောင့် နောက်ထပ်လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ တိုက်မိခဲ့တဲ့ ကားတွေထဲမှာရော လေယာဉ်မှူးခန်းထဲမှာပါ လူတွေ ပိတ်မိနေခဲ့တာကြောင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ နီးပါး အရေးပေါ် လာရောက်ကယ်ဆယ်ရှင်းလင်းခဲ့ရသလို လောင်စာဆီတွေ ယိုစိမ့်ထွက်နေတာကြောင့် ညနေပိုင်းအထိ ထိန်းသိမ်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျပြီးနောက် မိုင်ယာမီလေဆိပ်မှာ လေယာဉ်ခရီးစဉ်အားလုံးကို ချက်ချင်းရပ်ဆိုင်းခဲ့ပေမယ့် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာပဲ ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခဲ့ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ဟာ 21 Air က ပြေးဆွဲနေတဲ့ သက်တမ်း ၃၂ နှစ်ရှိ Boeing 767-300 အမျိုးအစား ဖြစ်တယ်လို့ သိရပါပြီး လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Flightradar24 ရဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ပြေးလမ်းကနေ ချော်ထွက်ချိန်မှာ တစ်နာရီ မိုင် ၁၃၀ ခန့် အရှိန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မိုင်ယာမီလေဆိပ်တွင်း လေကြောင်းခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ပြီး မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (NTSB) က ကွင်းဆင်း စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို နိုင်ငံတကာသတင်း

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

အာဖရိကမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ တိုးချဲ့လာမှုကို တုံ့ပြန်ဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Africell ကို ဒေါ်လာ သန်း ၁၀၀…

ဖတ်ရန်
အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက် နိုင်ငံတကာသတင်း

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယမ် အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)…

ဖတ်ရန်
မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ်

မြောက်ကိုရီးယားနဲ့ ရုရှားဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ပြသတဲ့အနေနဲ့ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို စက်တင်ဘာ ၇ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

ဖတ်ရန်