အရေးပေါ်
နိုင်ငံတကာသတင်း

ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် မပြုရန် ရုရှားကို တရုတ် တိုက်တွန်း

၂၀၂၆ ဇူလိုင် ၂၅ Myo Taw
ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် မပြုရန် ရုရှားကို တရုတ် တိုက်တွန်း

ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် မပြုရန် ရုရှားကို တရုတ် တိုက်တွန်း

ဇူလိုင် ၂၅

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နဲ့ ရုရှားနိုင်ငံအနေနဲ့ ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် ဘယ်တော့မှ မပြုသင့်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဝန်ကြီးနှစ်ဦးဟာ ဇူလိုင် ၂၄ ရက်က ကာဂျစ်စတန်နိုင်ငံမှာ ပြုလုပ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝမ်ယိက တရုတ်နဲ့ ရုရှားအနေနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့နဲ့ ဒုတိယကမ္ဘာစစ်အပြီး ရရှိထားတဲ့ ရလဒ်တွေကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပြီး ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် ဘယ်တော့မှ ခွင့်မပြုဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လာဗ်ရော့ဗ်ကလည်း ရုရှားနိုင်ငံအနေနဲ့ ဂျပန်ရဲ့ စစ်ရေးအင်အား အရှိန်မြှင့်တင်လာမှုနဲ့ နျူကလီးယားလက်နက် စွမ်းရည်ရရှိဖို့ ကြိုးပမ်းမှုတွေကို အထူးသတိထားစောင့်ကြည့်နေပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ရှိမှာ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပြီး တရုတ်ဘက်က ဂျပန်ရဲ့ စစ်ရေးစွမ်းရည် မြှင့်တင်ရေး ကြိုးပမ်းမှုတွေကို ဝေဖန်ဖို့ “စစ်ရေးအင်အား ပြန်လည်တည်ဆောက်မှု” နဲ့ “စစ်ဝါဒသစ်” ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးစွဲလေ့ရှိပါတယ်။

တစ်ဖက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးနှစ်ဦးရဲ့ ဆွေးနွေးပွဲအတွင်း အမေရိကန်နဲ့ ဆက်ဆံရေးအခြေအနေနဲ့ ယူကရိန် ပဋိပက္ခ ကိစ္စတွေကိုသာ အဓိကထား ဖော်ပြထားပြီး ဂျပန်နိုင်ငံအရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြထားခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

Ref & Photo; NHK

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ နိုင်ငံတကာသတင်း

အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ

အိန္ဒိယနိုင်ငံမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အပါအဝင် အစိုးရဝန်ထမ်း စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့မှုကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခံထားရတဲ့ ပညာရေးဝန်ကြီး ဓါမန်ဒရာ ပရာဒန် ဟာ ဒီကနေ့…

ဖတ်ရန်
အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို နိုင်ငံတကာသတင်း

အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို

ယူကရိန်ရဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုမှာ မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ထုတ်လုပ်မယ့် စက်ရုံတစ်ရုံ တည်ဆောက်သွားဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူကရိန် သမ္မတ ဗိုလိုဒီမီးယား…

ဖတ်ရန်
မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တင်းမာနေတဲ့ မူဝါဒကို တောင်ကိုရီးယား စွန့်လွှတ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တင်းမာနေတဲ့ မူဝါဒကို တောင်ကိုရီးယား စွန့်လွှတ်

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ အပြည့်အဝဖျက်သိမ်းပြီးမှသာ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ ယခင်မူဝါဒကို စွန့်လွှတ်ပြီး “ငြိမ်းချမ်းရေးကို ဦးစားပေး”တဲ့ မူဝါဒသစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဂျောင်ဒုံယောင်းက ဇူလိုင်…

ဖတ်ရန်
ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တရမ်းခရိုင်မှာ ရည်းစားဖြစ်သူနဲ့ ပူးပေါင်းပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့မှုနဲ့ ဝရမ်းထုတ်ခံထားရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးဟာ ထွက်ပြေးလွတ်မြောက်နေတာ နှစ်ပေါင်း ၂၀…

ဖတ်ရန်