အရေးပေါ်
နိုင်ငံတကာသတင်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

၂၀၂၆ အောက်တိုဘာ ၁ Myo Taw
လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

အောက်တိုဘာ ၁

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ဟာ စက္ကန့် ၃၀ မပြည့်ခင်မှာတင် ပေ ၁၄,၀၀၀ နီးပါး အမြင့်ကနေ ရုတ်တရက် ထိုးဆင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်မှူးခန်းထဲ ဝင်ရောက်ပြီး လက်ထောက်လေယာဉ်မှူးကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ အရန်လေယာဉ်မှူးနှစ်ဦး က လေယာဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ တဘူးခ်မြို့မှာ ဘေးကင်းစွာနဲ့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည် ၁၇၄ ဦး လိုက်ပါလာခဲ့ပြီး အများစုက အစ္စရေးနိုင်ငံသားတွေ ဖြစ်ပြီး အခင်းဖြစ်ပွားပြီး ၁၀ နာရီကျော်အကြာမှာ အခြားလေယာဉ်တစီးနဲ့ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန်လေဆိပ်ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အဆိုပါဖြစ်ရပ်ဟာ ဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်တခုလို့ ပြောဆိုထားပြီး ပိုမိုဆိုးရွားတဲ့ ဘေးအန္တရာယ် မဖြစ်အောင် ဝင်ရောက်တားဆီးခဲ့တဲ့ ခရီးသည်တွေရဲ့ လုပ်ဆောင်မှုကိုလည်း ချီးကျူးထားပါတယ်။

လေယာဉ်ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ လက်ထောက်လေယာဉ်မှူးဟာ အိုမန်နိုင်ငံသားဖြစ်တယ်လို့ အစ္စရေးအာဏာပိုင်တွေဘက်က အတည်ပြုထားပြီး ဖြစ်စဉ်နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ လက်ထောက်လေယာဉ်မှူးကို ဆော်ဒီအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေသလို Flydubai လေကြောင်းလိုင်းဘက်ကတော့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို မသိရသေးတာကြောင့် အလျင်စလို ခန့်မှန်းပြောဆိုမှုတွေ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Ref & Photo: Reuters


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်