အရေးပေါ်
နိုင်ငံတကာသတင်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

၂၀၂၆ အောက်တိုဘာ ၁ Myo Taw
လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

အောက်တိုဘာ ၁

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ဟာ စက္ကန့် ၃၀ မပြည့်ခင်မှာတင် ပေ ၁၄,၀၀၀ နီးပါး အမြင့်ကနေ ရုတ်တရက် ထိုးဆင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်မှူးခန်းထဲ ဝင်ရောက်ပြီး လက်ထောက်လေယာဉ်မှူးကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ အရန်လေယာဉ်မှူးနှစ်ဦး က လေယာဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ တဘူးခ်မြို့မှာ ဘေးကင်းစွာနဲ့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည် ၁၇၄ ဦး လိုက်ပါလာခဲ့ပြီး အများစုက အစ္စရေးနိုင်ငံသားတွေ ဖြစ်ပြီး အခင်းဖြစ်ပွားပြီး ၁၀ နာရီကျော်အကြာမှာ အခြားလေယာဉ်တစီးနဲ့ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန်လေဆိပ်ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အဆိုပါဖြစ်ရပ်ဟာ ဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်တခုလို့ ပြောဆိုထားပြီး ပိုမိုဆိုးရွားတဲ့ ဘေးအန္တရာယ် မဖြစ်အောင် ဝင်ရောက်တားဆီးခဲ့တဲ့ ခရီးသည်တွေရဲ့ လုပ်ဆောင်မှုကိုလည်း ချီးကျူးထားပါတယ်။

လေယာဉ်ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ လက်ထောက်လေယာဉ်မှူးဟာ အိုမန်နိုင်ငံသားဖြစ်တယ်လို့ အစ္စရေးအာဏာပိုင်တွေဘက်က အတည်ပြုထားပြီး ဖြစ်စဉ်နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ လက်ထောက်လေယာဉ်မှူးကို ဆော်ဒီအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေသလို Flydubai လေကြောင်းလိုင်းဘက်ကတော့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို မသိရသေးတာကြောင့် အလျင်စလို ခန့်မှန်းပြောဆိုမှုတွေ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Ref & Photo: Reuters


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး နိုင်ငံတကာသတင်း

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး

ဘောလ်တစ်ပင်လယ်ကမ်းခြေမှာရှိတဲ့ ကာလီနင်ဂရက်ဒ်ဒေသကို ရုရှားပြည်မကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး သီးခြားခွဲထုတ်ဖို့ နေတိုးအဖွဲ့က ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက် အပါအဝင် လက်နက်အင်အား အပြည့်အဝအသုံးပြုပြီး ကာကွယ်သွားမယ်လို့ ရုရှားက…

ဖတ်ရန်
အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ နိုင်ငံတကာသတင်း

အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

အီရန်အတွက် လက်နက်နဲ့ လက်နက်အစိတ်အပိုင်းတွေ ဝယ်ယူထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ၁၃ ခုကို စက်တင်ဘာ ၂၉ ရက်နေ့မှာ အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်ပြီး…

ဖတ်ရန်
ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ နိုင်ငံတကာသတင်း

ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်ထဲက နာမည်ကြီးဟိုတယ်တခုမှာ ကိုယ်ဝန်ပျက်ကျပြီးနောက် ၉ လအရွယ် သန္ဓေသားအလောင်းကို အမည်းရောင်ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာအတွင်း သိမ်းထားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်…

ဖတ်ရန်
ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်