အရေးပေါ်
နိုင်ငံတကာသတင်း

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

၂၀၂၆ ဇူလိုင် ၂၁ Myo Taw
အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

ဇူလိုင် ၂၁

ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်မယ့် ဥပဒေကြမ်းကို ပါလီမန် ညှိနှိုင်းရေးကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန် ကတော့ အဆိုပါပိတ်ပင်မှုကို လာမယ့် စက်တင်ဘာလဆန်း ကျောင်းပြန်ဖွင့်ချိန်မှာ အမီ စတင်သက်ရောက်စေချင်နေပါတယ်။

တကယ်လို့ အဆိုပါဥပဒေသာ အတည်ဖြစ်လာခဲ့ရင် ပြင်သစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အသက် ၁၆ နှစ်အောက် ကလေးတွေကို Meta ရဲ့ Facebook၊ Snap ရဲ့ Snapchat၊ ByteDance ရဲ့ TikTok နဲ့ Alphabet ရဲ့ YouTube တို့လို ဆိုရှယ်မီဒီယာတွေ သုံးခွင့် ပိတ်ပင်ခဲ့တဲ့ ဩစတြေးလျပြီးရင် ဒုတိယမြောက် ပိတ်ပင်တဲ့ နိုင်ငံ ဖြစ်လာတော့မှာပါ။

သမ္မတ မက်ခရွန်ကတော့ ဒီလို ကန့်သတ်ပိတ်ပင်မှုကို ဥရောပသမဂ္ဂ (EU) တစ်ဝှမ်းလုံးမှာပါ လုပ်ဆောင်နိုင်ဖို့ စည်းရုံးလှုံ့ဆော်နေပြီး ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန် ကလည်း EU အဖွဲ့ဝင် ၂၇ နိုင်ငံအတွင်း ကလေးတွေ ဆိုရှယ်မီဒီယာ သုံးတာကို ကန့်သတ်မယ့် အစီအစဉ်ကို ထောက်ခံထားပါတယ်။

ပါလီမန် ညှိနှိုင်းရေးကော်မတီက သဘောတူထားတဲ့ မူကြမ်းကို ဇူလိုင်လ ၂၁ ရက်နေ့မှာ အောက်လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါဥပဒေ အတည်ဖြစ်လာရင် ပိတ်ပင်မယ့် ဆိုရှယ်မီဒီယာ စာရင်းကို သတင်းအချက်အလက် နည်းပညာဝန်ကြီးက ထုတ်ပြန်ပေးရမှာ ဖြစ်သလို ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဘက်ကလည်း အသုံးပြုသူရဲ့ အသက်အရွယ်ကို စိစစ်တဲ့စနစ်တွေကို ပြင်သစ် ကိုယ်ရေးအချက်အလက် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ စနစ်တကျ ထည့်သွင်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းမှာ အထက်တန်းကျောင်းတွေအတွင်း စမတ်ဖုန်း ကိုင်ဆောင်အသုံးပြုခွင့်ကိုပါ ပိတ်ပင်မယ့် အချက်လည်း ပါဝင်နေပါတယ်။

Ref; Reuters, Photo; Reuters, iStock

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ် နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ…

ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်အတွင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်မတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ…

ဖတ်ရန်
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက် နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဖတ်ရန်
ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသမှာ ငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပီရူး…

ဖတ်ရန်