အရေးပေါ်
နိုင်ငံတကာသတင်း

ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့

၂၀၂၆ ဇူလိုင် ၂၈ Myo Taw
ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့

ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့

ဇူလိုင် ၂၈

ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ်၊ ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ရုပ်အလောင်းအဖြစ် လမ်းဘေးခြုံပုတ်ထဲမှာ စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အခင်းဖြစ်ပွားရာ အနီးအနားရှိ ငါးစက်ရုံတစ်ခုမှာ ထုတ်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသူ မစန္ဒာလင်း အသက် ၂၆ နှစ်ဖြစ်တယ်လို့ သိရကာ လည်ပင်းမှာ ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာ ရရှိထားသလို ဘယ်ဘက်လက်ထဲမှာလည်း ဆံပင်တစ်ဆုပ်ကို ဆုပ်ကိုင်ထားပြီး ရုပ်အလောင်းဟာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ မောင်ဖြစ်သူ ပြောဆိုချက်အရ မစန္ဒာလင်းဟာ ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းက ဖုန်းပြောရင်း အခန်းပြင်ထွက်သွားရာကနေ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာကြောင့် မောင်ဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လိုက်လံရှာဖွေခဲ့သလို ဖုန်းနဲ့လည်း ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၇ ရက် ညနေပိုင်း အလုပ်သိမ်းချိန် အခန်းကိုပြန်တဲ့လမ်းမှာ မသင်္ကာဖွယ် အနံ့ဆိုးတခု ရရှိခဲ့တာကြောင့် လိုက်လံရှာဖွေရာက လမ်းဘေးခြုံပုတ်ထဲမှာ မြက်ပင်တွေနဲ့ ဖုံးအုပ်ထားတဲ့ မစန္ဒာလင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘန်ဖိုးရဲစခန်းက အခင်းဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေတဲ့ အတူလုပ်ကိုင်သူ မြန်မာအမျိုးသားတစ်ဦးကို သံသယရှိသူအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မစန္ဒာလင်းရဲ့ ရုပ်အလောင်းကိုတော့ ပိုမိုတိကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ဘန်ကောက်မြို့ရှိ ရဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Ref & Photo; AmarinTV

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး နိုင်ငံတကာသတင်း

ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ လာရောက်ဝယ်ယူတဲ့ တရုတ်ခရီးသွား ၁,၂၀၀ ရဲ့ UnionPay ခရက်ဒစ်ကတ်ဒေတာတွေကို ခိုးယူပြီး ကတ်အတုတွေနဲ့ ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့…

ဖတ်ရန်
ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက် နိုင်ငံတကာသတင်း

ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက်

ဘေးကင်းလုံခြုံမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AliExpress ကို ဥရောပကော်မရှင် (European Commission) က…

ဖတ်ရန်
မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ နိုင်ငံတကာသတင်း

မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ

၄ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံဟာ မြောက်ကိုရီးယား စစ်သည်အင်အား ၃၀,၀၀၀ အထိ ထပ်မံဖြည့်တင်း ခေါ်ယူသွားဖို့ စီစဉ်နေပြီး အဆိုပါတပ်ဖွဲ့တွေကို လက်ခံဖို့လည်း ပြင်ဆင်မှုတွေ…

ဖတ်ရန်
နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ နိုင်ငံတကာသတင်း

နယူးယောက်က အထက်တန်းကျောင်းမှာ AI နဲ့ လူတူစက်ရုပ် စမ်းသပ်အသုံးပြုမယ့် အစီအစဉ် အပြင်းအထန် ဝေဖန်ခံနေရ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဆာလမန်ကာ (Salamanca) အထက်တန်းကျောင်းမှာ လူတူစက်ရုပ်(Humanoid Robot)နဲ့ AI သင်ကြားရေးအကူစနစ်ကို ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီကစပြီး စမ်းသပ်အသုံးပြုမယ့် အစီအစဉ်အပေါ် ဆရာ၊…

ဖတ်ရန်