အရေးပေါ်
နိုင်ငံတကာသတင်း

ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ

ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ

ဇူလိုင် ၂၂

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေကို ရှောင်လွှဲဖို့ နာမည်ခံ (Nominee) ကုမ္ပဏီ ၃၃ ခုကို အသုံးပြုကာ ဘတ် ၁.၂၇၅ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာ ၃၃ လုံးကို တရားမဝင် ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကြီးတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖြိုခွဲလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံ စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာနက ဖတ်ထနာကန်နဲ့ ဘန်ကောက် ကရီသာလမ်းတဝိုက်က အဆင့်မြင့်အိမ်ရာတွေအပါအဝင် နေရာ ၂၀ ကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် အိမ်ခြံမြေပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ၊ နိုင်ငံကူးလက်မှတ် ၁၅ ခု၊ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကုမ္ပဏီစာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ အဆင့်မြင့်အိမ်ရာဝင်းအတွင်း တရုတ်နိုင်ငံသားတွေ စုပေါင်းနေထိုင်ပြီး ပတ်ဝန်းကျင်ကို နှောင့်ယှက်မှုတွေရှိနေကြောင်း ဒေသခံတွေရဲ့ တိုင်ကြားမှုတွေအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DBD) ရဲ့ သတင်းပေးပို့ချက်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုအရ အဆိုပါ တရုတ်စီးပွားရေးကွန်ယက်ဟာ ထိုင်းနိုင်ငံသူ ပီယာနတ်နဲ့ သူမရဲ့မိခင် ဆကွန် တို့ကို ကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတွေအဖြစ် နာမည်ခံထားပြီး နောက်ကွယ်က အဓိကကြိုးကိုင်သူကတော့ တရုတ်နိုင်ငံသား ဟောင်ဒန် (Hao Deng) ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကွန်ရက်ဟာ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် ဥပဒေကန့်သတ်ချက်တွေကို ရှောင်လွှဲနိုင်ရန် နာမည်ခံ (Nominee) ကုမ္ပဏီ ၃၃ ခုကို တည်ထောင်ကာ အိမ်ရာတွေကို ဝယ်ယူခဲ့ပြီးနောက် ရှယ်ယာရှင်ဖွဲ့စည်းပုံကို ပြောင်းလဲပြီး တရုတ်နိုင်ငံသားတွေထံ ပိုင်ဆိုင်ခွင့်လွှဲပေးတာနဲ့ တရုတ်အိမ်ခြံမြေအကျိုးဆောင်တွေကတစ်ဆင့် ငှားရမ်းတာတွေ၊ ပြန်လည်ရောင်းချတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျုးလွန်သူတွေကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းများဆိုင်ရာ ဥပဒေအပြင် မြေယာဥပဒေချိုးဖောက်မှုနဲ့ပါ အရေးယူထားပြီး အဆိုပါကွန်ရက်မှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ သိရပါတယ်။

Ref & Photo; Khaosod

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ထရမ့်က ဆော်ဒီအာရေဗျအတွက် ယူရေနီယမ်သန့်စင်ခွင့် ရနိုင်မယ့် နျူကလီးယားသဘောတူညီချက်ကို အတည်ပြု နိုင်ငံတကာသတင်း

ထရမ့်က ဆော်ဒီအာရေဗျအတွက် ယူရေနီယမ်သန့်စင်ခွင့် ရနိုင်မယ့် နျူကလီးယားသဘောတူညီချက်ကို အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျရဲ့ အရပ်ဘက် နျူကလီးယား စီမံကိန်းမှာ ယူရေနီယမ် သန့်စင်စွမ်းရည် ရရှိလာစေနိုင်မယ့် နှစ် ၃၀ သက်တမ်းရှိ သဘောတူညီချက်တစ်ခုကို အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်…

ဖတ်ရန်
မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို ပြည်တွင်းသတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သနာဒီရက်ခ်က ဒီကနေ့ ဇူလိုင်လ…

ဖတ်ရန်
အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို နိုင်ငံတကာသတင်း

အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို

အမေရိကန်က ဆင်နွှဲနေတဲ့ အီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံ အထိ ရှိလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ်က ဇူလိုင်လ ၂၁…

ဖတ်ရန်
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ် နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ…

ဖတ်ရန်