အရေးပေါ်
ပြည်ပသတင်း

ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း

၂၀၂၆ ဇူလိုင် ၄ Myo Taw
ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း

ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း

ဇူလိုင် ၄

ပုပ်ရဟန်းမင်းကြီး လီယိုက အမေရိကန်နိုင်ငံ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာကနေတဆင့် အမေရိကန်ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကြိုဆိုပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ အီတလီနိုင်ငံရဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ အများဆုံးဝင်ရောက်ရာ လန်ပီဒူဆာ (Lampedusa) ကျွန်းကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်နိုင်ငံကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို ထည့်သွင်းတိုက်တွန်းထားတာ ဖြစ်ပါတယ်။

လန်ပီဒူဆာကျွန်းဟာ အာဖရိကကနေ မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပဘက်ကို အသက်လုဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ အဓိကဝင်ပေါက်တခုဖြစ်ပြီး ဒီနှစ်အတွင်းမှာတင် အဲဒီကျွန်းကို ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၇,၀၀၀ ကျော် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပုပ်ရဟန်းမင်းကြီး လီယိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တင်းကျပ်လွန်းတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို "လူမဆန်တဲ့ လုပ်ရပ်" လို့ ဝေဖန်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ မကျေနပ်ဖြစ်မှုကို ခံခဲ့ရဖူးပါတယ်။

အခုလည်း ကမ္ဘာကြီးအနေနဲ့ ပိုပြီးလူသားဆန်ကြဖို့၊ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူတွေကို ဝိုင်းဝန်းကူညီကြဖို့ ပုပ်ရဟန်းမင်းကြီးက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကက်သလစ်ဘာသာရေးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ တန်ဖိုးထားမှုထဲမှာ "ရွှေ့ပြောင်းအခြေချသူတွေကို ကြိုဆိုခြင်း၊ အကာအကွယ်ပေးခြင်းနဲ့ ကူညီစောင့်ရှောက်ခြင်း" တွေလည်း အပါအဝင်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေကို ကရုဏာတရား၊ ရက်ရောမှုတွေနဲ့ လက်ခံကြိုဆိုတာဟာ ပရဟိတအလုပ်တစ်ခုတင်မကဘဲ လူသားတိုင်းမှာရှိတဲ့ လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြုတာလည်း ဖြစ်တယ်လို့ သဝဏ်လွှာထဲမှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ ပြည်ပသတင်း

အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်ရဲ့အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် လူထုဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် တပတ်ကြာ ကျင်းပနိုင်ဖို့ အီရန်အစိုးရက…

ဖတ်ရန်
နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး
VIDEO Afternoon NEWS

နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်