အရေးပေါ်
နိုင်ငံတကာသတင်း

AI နည်းပညာကဏ္ဍကို ကာကွယ်ဖို့ တရုတ်ထုတ် လူတူစက်ရုပ် မော်ဒယ်အသစ် တင်သွင်းမှုကို ထရမ့်အစိုးရ ပိတ်ပင်

၂၀၂၆ ဇူလိုင် ၃၀ Myo Taw
AI နည်းပညာကဏ္ဍကို ကာကွယ်ဖို့ တရုတ်ထုတ် လူတူစက်ရုပ် မော်ဒယ်အသစ် တင်သွင်းမှုကို ထရမ့်အစိုးရ ပိတ်ပင်

AI နည်းပညာကဏ္ဍကို ကာကွယ်ဖို့ တရုတ်ထုတ် လူတူစက်ရုပ် မော်ဒယ်အသစ် တင်သွင်းမှုကို ထရမ့်အစိုးရ ပိတ်ပင်

ဇူလိုင် ၂၉

အမေရိကန်ရဲ့ AI နည်းပညာ တည်ဆောက်ရေးကဏ္ဍကို အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေဆီကနေ ကာကွယ်ဖို့နဲ့ အဓိက စက်မှုလုပ်ငန်းတွေကို ပြည်တွင်းမှာ ပြန်လည်အခြေစိုက်လာစေဖို့ ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်အစိုးရက တရုတ်နိုင်ငံထုတ် စက်ရုပ် မော်ဒယ်အသစ်တွေနဲ့ လျှပ်စစ်ပါဝါ အင်ဗာတာတွေ တင်သွင်းမှုကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။

အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC)က ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အဆိုပါစည်းမျဉ်းအရ တရုတ်နိုင်ငံထုတ် လူတူစက်ရုပ် (Humanoid Robot) မော်ဒယ်အသစ်တွေနဲ့ ခြေလေးချောင်းတပ် သွားလာနိုင်တဲ့ စက်ရုပ်တွေကို တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ဘက်ထရီတွေကို လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဒေတာစင်တာသုံးပစ္စည်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ လျှပ်စစ်ပါဝါ အင်ဗာတာတွေကိုလည်း ကန့်သတ်ထားပါတယ်။

အဆိုပါကန့်သတ်ချက်တွေဟာ တရုတ်ဘက်က အမေရိကန် AI နည်းပညာထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်ပေးနိုင်မှု၊ အချက်အလက်ခိုးယူမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေကနေ ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပြီး နည်းပညာကုမ္ပဏီတွေကိုလည်း ထုတ်လုပ်မှုလုပ်ငန်းတွေ အမေရိကန်နိုင်ငံအတွင်း ပြန်လည်ရွှေ့ပြောင်းလုပ်ကိုင်လာစေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

FCC ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဆိုပါစက်ပစ္စည်းတွေဟာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ထောက်ပံ့ရေးကွင်းဆက် အားနည်းချက်တွေကို ဖြစ်ပေါ်စေနိုင်ပြီး အရေးကြီး အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး စိန်ခေါ်မှုတွေပါ ဖြစ်ပေါ်စေနိုင်တယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးဘက်ကတော့ နှစ်နိုင်ငံစီးပွားရေး အသိုင်းအဝိုင်းတွေရဲ့ လက်တွေ့ကျပြီး အကျိုးအကြောင်းဆီလျော်တဲ့ အသံတွေကို နားထောင်ဖို့ အမေရိကန်ကို တိုက်တွန်းထားသလို တရုတ်ကုမ္ပဏီတွေကို အပုပ်ချပြောဆိုတာနဲ့ ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်စေမယ့် လုပ်ရပ်မှန်သမျှကို တုံ့ပြန်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ဆောင်ရွက်သွားမယ်လို့လည်း တရုတ်သံရုံးက တုန့်ပြန်ပြောဆိုထားပါတယ်။

ကျွမ်းကျင်သူအချို့ရဲ့ ခန့်မှန်းချက်အရ AI ဦးနှောက် တပ်ဆင်ထားတဲ့ လူတူစက်ရုပ်တွေကို လူသုံးကုန်နဲ့ စက်မှုလုပ်ငန်း နယ်ပယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတော့မှာဖြစ်သလို တစ်ဖက်မှာလည်း အမေရိကန်မှာ အရှိန်အဟုန်နဲ့ တည်ဆောက်နေတဲ့ ဒေတာစင်တာတွေအတွက်လည်း စိတ်ချယုံကြည်ရတဲ့ လျှပ်စစ်ပါဝါ အင်ဗာတာတွေအပေါ် လွန်စွာမှီခိုနေရတာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် ကတော့ တရုတ် AI ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ရဲ့ ဉာဏမူပိုင်ခွင့်တွေကို ခိုးယူပါက ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် နည်းပညာထုတ်လုပ်ရေးအတွက် အရေးပါတဲ့ မြေရှားသတ္တု (Rare Earth Minerals) တွေကို တရုတ်က အဓိကထိန်းချုပ်ထားပြီး နိုင်ငံတကာဆက်ဆံရေးမှာ အားသာချက်ရယူဖို့ အသုံးချနိုင်ခဲ့တဲ့ အခြေအနေမျိုး ထပ်မံမဖြစ်ပေါ်စေဖို့ကိုလည်း အမေရိကန်ဘက် အထူးသတိထား နေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

တရုတ်ထုတ် ပခုံးထမ်း ဒုံးကျည်စနစ်တွေကို အီရန် ဝယ်ယူထား၊ ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေ နိုင်ငံတကာသတင်း

တရုတ်ထုတ် ပခုံးထမ်း ဒုံးကျည်စနစ်တွေကို အီရန် ဝယ်ယူထား၊ ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေ

အမေရိကန်နဲ့ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် ပြန်လည်တည်ဆောက်နေတဲ့ အီရန်ဟာ တရုတ်နိုင်ငံထုတ် ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် (MANPADS) ၄၀၀ အထိ ဝယ်ယူထားပြီး ပထမအသုတ်ကို ရက်သတ္တပတ်အနည်းငယ်အတွင်း…

ဖတ်ရန်
ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့ နိုင်ငံတကာသတင်း

ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့

ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ်၊ ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ရုပ်အလောင်းအဖြစ် လမ်းဘေးခြုံပုတ်ထဲမှာ စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး နိုင်ငံတကာသတင်း

ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ လာရောက်ဝယ်ယူတဲ့ တရုတ်ခရီးသွား ၁,၂၀၀ ရဲ့ UnionPay ခရက်ဒစ်ကတ်ဒေတာတွေကို ခိုးယူပြီး ကတ်အတုတွေနဲ့ ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့…

ဖတ်ရန်
ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက် နိုင်ငံတကာသတင်း

ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက်

ဘေးကင်းလုံခြုံမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AliExpress ကို ဥရောပကော်မရှင် (European Commission) က…

ဖတ်ရန်