အရေးပေါ်
နိုင်ငံတကာသတင်း

အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို

အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို

ဇူလိုင် ၂၂

အမေရိကန်က ဆင်နွှဲနေတဲ့ အီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံ အထိ ရှိလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ်က ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ လွှတ်တော်ကြားနာပွဲမှာ ပြောဆိုလိုက်ပါတယ်။

အဆိုပါ စစ်ပွဲကုန်ကျစရိတ်ထဲမှာ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကုန်ကျနိုင်ခြေရှိတဲ့ ခန့်မှန်းခြေတွေလည်း ပါဝင်တယ်လို့ ဆိုပေမယ့် ပန်တာဂွန် စစ်ဌာနချုပ်အနေနဲ့ ဒီပမာဏကို ဘယ်လိုတွက်ချက်ထားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့လက အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ထံ ဒေါ်လာ ဘီလီယံ ၉၀ နီးပါး အပိုဆောင်းဘတ်ဂျက် တောင်းခံထားတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လတုန်းက အစိုးရအဖွဲ့ရဲ့ ခန့်မှန်းချက်အရ စစ်ပွဲရဲ့ ပထမ ၆ ရက်အတွင်းမှာတင် ဒေါ်လာ ၁၁ ဒဿမ ၃ ဘီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်ဗုံးကြဲခဲ့ချိန်ကတည်းက သမ္မတ ထရမ့်နဲ့ စစ်ရေးအဖွဲ့ဟာ စစ်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ အသိပေးခြင်း မရှိဘူးဆိုပြီး ရီပတ်ဘလစ်ကန်ရော ဒီမိုကရက် လွှတ်တော်အမတ်တွေပါ ပြစ်တင်ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ပက်တီ မာရေးက သမ္မတရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် ခြိမ်းခြောက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဝေဖန်ခဲ့သလို၊ အထက်လွှတ်တော်အမတ် ကာစတင် ဂျီလီဘရန်း ကလည်း အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ လက်ရှိအခြေအနေတွေ ကိုက်ညီမှု မရှိကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သွားပါတယ်။

အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နေရာအများစုကို ထိန်းချုပ်ထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ၆ လပဲ လိုတော့ချိန်မှာ အီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ ကြီးမားတဲ့ နိုင်ငံရေးစိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ် နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ…

ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်အတွင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်မတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ…

ဖတ်ရန်
အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု နိုင်ငံတကာသတင်း

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်မယ့် ဥပဒေကြမ်းကို ပါလီမန် ညှိနှိုင်းရေးကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ…

ဖတ်ရန်
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက် နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဖတ်ရန်