အရေးပေါ်
နိုင်ငံတကာသတင်း

NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ် Hybrid war နည်းလမ်းတွေနဲ့ တိုက်ခိုက်လာမှုကို သည်းခံမှာမဟုတ်ဘူးလို့ အမေရိကန် သတိပေး

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ် Hybrid war နည်းလမ်းတွေနဲ့ တိုက်ခိုက်လာမှုကို သည်းခံမှာမဟုတ်ဘူးလို့ အမေရိကန် သတိပေး

NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ် Hybrid war နည်းလမ်းတွေနဲ့ တိုက်ခိုက်လာမှုကို သည်းခံမှာမဟုတ်ဘူးလို့ အမေရိကန် သတိပေး

စက်တင်ဘာ ၆

NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပေါင်းစပ်စစ်ဆင်ရေး (Hybrid war) နည်းလမ်းတွေနဲ့ တိုက်ခိုက်နှောင့်ယှက်လာတာတွေကို သည်းခံမှာမဟုတ်ဘဲ၊ အခုလိုဖြစ်ရပ်တွေကို ရင်ဆိုင်နေရတဲ့ မဟာမိတ်နိုင်ငံတွေအတွက် အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ရပ်တည်ပေးသွားမယ်လို့ NATO ဆိုင်ရာ အမေရိကန်သံအမတ် မက်သရူး ဝစ်တာကာ (Matthew Whitaker) က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်/ဟာလီ လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်ဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဘာလင်အစိုးရက စွပ်စွဲထားပါတယ်။

အဲဒီဖြစ်ရပ်ဟာ ယူကရိန်းကို တိုက်ခိုက်ရာကနေ လမ်းကြောင်းလွဲပြီး NATO အဖွဲ့ဝင်နိုင်ငံတွေအတွင်း ဝင်ရောက်လာတဲ့ ရုရှားဒရုန်းဖြစ်စဉ်တွေထက် ပိုပြီး စိုးရိမ်စရာကောင်းတယ်လို့ ဝစ်တာကာက ဆိုပါတယ်။

NATO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခုလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နိုးနိုးကြားကြားနဲ့ အသင့်ပြင်ဆင်ထားဖို့ လိုအပ်သလို၊ ဖြစ်ရပ်တွေ ကြုံလာရင်လည်း ပြတ်သားတဲ့ သတိပေးချက်နဲ့ တုံ့ပြန်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပါတယ်။

ဂျာမနီက လိုက်ပ်ဇစ်ဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့သလို၊ ဒီလိုလုပ်ရပ်တွေမှာ တာဝန်ရှိသူကို ဖော်ထုတ်နိုင်ပြီဆိုရင် အဲဒီလုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ သည်းခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုရမယ်လို့လည်း ဝစ်တာကာက ဆိုပါတယ်။

ဒါ့အပြင် စွမ်းအင်ကဏ္ဍအပါအဝင် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တာကြောင့် သက်ဆိုင်ရာနိုင်ငံတွေက စောင့်ကြည့်ကာကွယ်ထားသင့်တယ်လို့ သူက ပြောပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကိုယ်ပိုင်ဆောင်ရွက်မှုက အဓိကကျမှာဖြစ်ပေမယ့်၊ အဲဒီလိုဖြစ်ရပ်တွေကို ရင်ဆိုင်နေရတဲ့ မဟာမိတ်နိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ရပ်တည်သွားမယ်လို့ NATO ဆိုင်ရာ အမေရိကန်သံအမတ်က ပြောဆိုထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်