အရေးပေါ်
ပြည်တွင်းသတင်း

ခင်ဦးနဲ့ ဝက်လက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

၂၀၂၆ ဇူလိုင် ၃၁ Myo Taw
ခင်ဦးနဲ့ ဝက်လက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ခင်ဦးနဲ့ ဝက်လက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က တရက်တည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ ည ၉ နာရီခန့်က ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်း ကျေးရွာထဲကို တံတားဦးလေတပ် ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၆ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

“ဦးသန်းလွင်ကို ဗုံးစမှန်တာ ခေါင်းထိခိုက်ဒဏ်ရာ ရတယ်၊ အိမ် ၃ လုံး ပျက်စီးတယ်၊ လူနာက စိုးရိမ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူ ဇူလိုင် ၃၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာပဲ တံတားဦးလေတပ် ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ခင်ဦးမြို့နယ်၊ ထနောင်းကုန်းကျေးရွာ အနောက်ဘက် လယ်ကွင်းထဲကို ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် လယ်ကွင်းထဲရှိ အမျိုးသား ၁ ဦးအပြင် နွား ၂ ကောင်ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လယ်ထဲကို ကြဲတာ၊ နွားတွေကော လူကော ထိတာ၊ ဦးမောင်မောင် သေတယ်၊ နွား ၂ ကောင်လည်း သေတယ်၊ ရွာထဲကျတာမှာ အသက် ၆၀ ၀န်းကျင် အမျိုးသမီးတဦး ထိတယ်၊ အိမ် ၂ လုံး ပျက်စီးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းရှိ ကျေးရွာတွေ စစ်ဘေးရှောင်ကာ ပုန်းခိုနေကြရပြီး ဇူလိုင်လ ၂၈ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့် ပြည်တွင်းသတင်း

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးကာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့…

ဖတ်ရန်
စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို ပြည်တွင်းသတင်း

စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်း အစိုးရရဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာမှာ ကျင်းပခဲ့ပြီး ကိုယ့်ကိုကိုယ် ခန့်ထားတဲ့…

ဖတ်ရန်
သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား
VIDEO ပြည်တွင်းသတင်း

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွားတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်