ပြည်တွင်းသတင်း
နွယ်တမယ်တံတားမှာ အာဏာသိမ်းစစ်တပ်က တပ်သားတွေ အချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး
နွယ်တမယ်တံတားမှာ အာဏာသိမ်းစစ်တပ်က တပ်သားတွေ အချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး
ဇူလိုင် ၃
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ နွယ်တမယ်တံတား စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က တပ်သားတွေ အချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခန့်က အာဏာသိမ်းစစ်တပ်ရဲ့ နွယ်တမယ်တံတား စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ပခုက္ကူတပ်မ ၁၀၁ က တပ်သား ၂ ဦး စကားများရာက ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
“တယောက်က အုတ်ခဲနဲ့ ခေါင်းကိုထုတာ၊ ကျန်တဲ့တယောက်က ဓားနဲ့ ထိုးတာ ပွဲချင်းပြီးပဲ၊ ရိုးရိုး တပ်သားတွေပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
အုတ်ခဲနဲ့ အထုခံရတဲ့ တပ်သားကို ဆင်ဖြူကျွန်းဆေးရုံမှာ တင်ထားရပြီး ဓားထိုးခံရတဲ့ တပ်သားကိုတော့ ဆင်ဖြူကျွန်းသုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဆီ ထမင်းချက်ပို့တဲ့ အမျိုးသမီး ၁ ဦးကို ဆေးကြောင်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားက နေအိမ်ပေါ်အထိ တက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ပြည်တွင်းသတင်း
ဇူလိုင် ၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ပြည်တွင်းသတင်း
ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား
ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄…