အရေးပေါ်
ပြည်တွင်းသတင်း

ထွေ/အုပ် နှစ်ပတ်လည်နေ့အတွက် လုပ်ငန်းရှင်တွေကို ဇမ္ဗူ(ထွေ/အုပ်)က ငွေတောင်းခံနေ

၂၀၂၆ နိုဝင်ဘာ ၆ Myo Taw
ထွေ/အုပ် နှစ်ပတ်လည်နေ့အတွက် လုပ်ငန်းရှင်တွေကို ဇမ္ဗူ(ထွေ/အုပ်)က ငွေတောင်းခံနေ

ထွေ/အုပ် နှစ်ပတ်လည်နေ့အတွက် လုပ်ငန်းရှင်တွေကို ဇမ္ဗူ(ထွေ/အုပ်)က ငွေတောင်းခံနေ

နိုဝင်ဘာ ၆

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ (၃၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ငန်းရှင်တွေကို ငွေတောင်းခံနေတယ်လို့ သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ (၃၈) နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ဖြန်မှာ ကျရောက်မှာဖြစ်တဲ့အတွက် ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး Kpay ကနေ တစ်ဆင့် ငွေလွှဲပေးဖို့ကိုလည်း ပြောဆိုထားတာ တွေ့ရပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ထွေ/အုပ်မှ လုပ်ငန်းလိုင်စင်ချထားပေးတဲ့ လုပ်ငန်းရှင်တွေကို ကောက်ခံနေတာဖြစ်ပြီး ယစ်မျိုးလိုင်စင် ရရှိထားတဲ့သူတွေဟာ ငွေကြေးပိုမိုပေးဆောင်နေရတယ်လို့ သိရပါတယ်။

အလားတူ နေပြည်တော်မှာ လုပ်ကိုင်နေကြတဲ့ အိမ်ခြံမြေအကျိုးဆောင် အဖွဲ့အစည်းတွေရဲ့ EC တွေဟာ အလှူငွေ တစ်သိန်းစီ ထည့်ဝင်ရမှာဖြစ်ပြီး အခြားသော ထွေအုပ်လိုင်စင်ရရှိထားတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေဟာလည်း ငွေကျပ် ၅ သောင်းစီ ထည့်ဝင်ပေးဖို့ တောင်းဆိုနေတာကို တွေ့ရပါတယ်။

ငွေပေးချေရာမှာ Kpay နံပတ် 09973944405 သို့ ဒီကနေ့ နောက်ဆုံးထား ငွေလွှဲခိုင်းထားပြီး မှတ်ချက်အနေနဲ့ "ထွေအုပ်" လို့ ရေးခိုင်းထားတာကိုလည်း တွေ့ရပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လို နေရာမျိုးမှာတောင် ထွေ/အုပ်လို ဌာနက အခုလို ငွေကြေးပေါ်ပေါ်ထင်ထင် တောင်းခံနေမှုအပေါ် လုပ်ငန်းရှင်တွေအနေနဲ့ မကျေမနပ်ဖြစ်နေကြပြီး အထက်လူကြီးတွေ သိရှိဖို့နဲ့ ကြပ်မတ်ဆောင်ရွက် နိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ ပြည်တွင်းသတင်း

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…

ဖတ်ရန်
မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ ပြည်တွင်းသတင်း

မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…

ဖတ်ရန်
နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ ပြည်တွင်းသတင်း

နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်