အရေးပေါ်
နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

၂၀၂၆ ဇူလိုင် ၂၁ Myo Taw
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဇူလိုင် ၂၁

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်အတွင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်မတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ ဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ် ဂျူနီယာ နဲ့ တီမောလက်စတေ သမ္မတ ဂျိုးဇေး ရာမို့စ် အိုတာ တို့ထံ စာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

အဆိုပါစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် ခေါင်းဆောင်နှစ်ဦးစလုံးက ဖိအားပေး တွန်းအားပေးသွားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီနဲ့ ဆက်လက်ထိတွေ့ ဆက်ဆံမှု မှန်သမျှမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု၊ ဥပဒေအကျိုးဆောင်များနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို လွတ်လပ်စွာ တွေ့ဆုံခွင့် ရရှိရေးကို “မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းချက်” အဖြစ် အာဆီယံဥက္ကဋ္ဌ အနေနဲ့ သတ်မှတ်ပေးဖို့ APHR က တောင်းဆိုထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal-Jurisdiction) နဲ့ အာဆီယံဒေသအတွင်း ပထမဆုံးအကြိမ် အမှုဖွင့်လှစ်ခဲ့တဲ့ တီမောသမ္မတ ရာမို့စ် အိုတာ ကိုလည်း အာဆီယံအဖွဲ့ကြီးက ထိရောက်စွာ အရေးယူ ဆောင်ရွက်လာအောင် တွန်းအားပေးဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံ အထူးသံတမန်က ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ ပတ်သက်လို့ APHR က ထောက်ပြရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်အတည်ပြုရုံနဲ့တင် မလုံလောက်ဘဲ စိစစ်အတည်ပြုလို့ရတဲ့ ရလဒ်ကောင်းများ ထွက်ပေါ်လာဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် “သက်ရှိထင်ရှား ဘေးကင်းကင်း ရှိနေကြောင်း အထောက်အထား” ပြသရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ဒါကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်အတွင်း စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုဟာ အမှန်တကယ် ရလဒ်ထွက်မထွက် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြနိုင်မှုနဲ့ စမ်းသပ်စစ်ဆေးသွားဖို့ အာဆီယံဥက္ကဋ္ဌကို APHR က တိုက်တွန်းထားပါတယ်။

Photo - Myanmar State Counsellor Office, APHR

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ် နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ…

ဖတ်ရန်
အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု နိုင်ငံတကာသတင်း

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်မယ့် ဥပဒေကြမ်းကို ပါလီမန် ညှိနှိုင်းရေးကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ…

ဖတ်ရန်
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက် နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဖတ်ရန်
ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသမှာ ငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပီရူး…

ဖတ်ရန်