အရေးပေါ်
နိုင်ငံတကာသတင်း

ရာထူးကနေ ဖယ်ရှားခံရဖို့ ဖိအားများလာပေမဲ့ အီရန်စစ်ပွဲကို ဆက်လက်ကာကွယ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

၂၀၂၆ နိုဝင်ဘာ ၆ Myo Taw
ရာထူးကနေ ဖယ်ရှားခံရဖို့ ဖိအားများလာပေမဲ့ အီရန်စစ်ပွဲကို ဆက်လက်ကာကွယ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

ရာထူးကနေ ဖယ်ရှားခံရဖို့ ဖိအားများလာပေမဲ့ အီရန်စစ်ပွဲကို ဆက်လက်ကာကွယ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

နိုဝင်ဘာ ၆

အီရန်စစ်ပွဲကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဖိအားတွေ မြင့်တက်လာပေမဲ့ ဟက်ဂ်ဆက်သ်က သူ့အနေနဲ့ နောက်ဆုတ်မှာမဟုတ်ဘဲ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဟက်ဂ်ဆက်သ်က လူမှုကွန်ရက်ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အီရန်စစ်ပွဲဟာ ရဲရင့်ပြီး သမိုင်းဝင်တဲ့ စစ်ဆင်ရေးဖြစ်သလို အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် တားဆီးဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ပြီး အောင်မြင်မှာမဟုတ်ဘူးလို့လည်း တုံ့ပြန်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် အနိုင်ရခဲ့တဲ့ ဒီမိုကရက်ပါတီက ဟက်ဂ်ဆက်သ်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို ကိုင်တွယ်ပုံနဲ့ အီရန်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ ကလည်း ဟက်ဂ်ဆက်သ်ကို စွပ်စွဲပြစ်တင်ဖို့ အဆိုကို လာမယ့်သီတင်းပတ်မှာ ပြန်လည်တင်သွင်းမယ်လို့ ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ သမ္မတ ဒေါ်နယ်ထရမ့်က ဟက်ဂ်ဆက်သ်ဟာ အလုပ်ကို ကောင်းကောင်းလုပ်ဆောင်နေသူဖြစ်တယ်လို့ ချီးကျူးထားပြီး ရာထူးကနေ ဖယ်ရှားဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အကြံပေးတချို့ကတော့ အီရန်စစ်ပွဲကြောင့် ဟက်ဂ်ဆက်သ် ရာထူးဆုံးရှုံးနိုင်ခြေရှိတယ်လို့ သုံးသပ်နေပါတယ်။

ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ကလည်း အီရန်စစ်ပွဲဟာ ရီပတ်ဘလစ်ကန်ပါတီ ရွေးကောက်ပွဲရှုံးနိမ့်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် ဟက်ဂ်ဆက်သ်ဟာ အမေရိကန်ရဲ့ ယူကရိန်းဆိုင်ရာ မူဝါဒတွေနဲ့ လက်တင်အမေရိကရေပိုင်နက်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်တယ်လို့ သံသယရှိတဲ့ လှေတွေကို စစ်တပ်က တိုက်ခိုက်ခဲ့တဲ့ကိစ္စတွေအတွက်လည်း ဒီမိုကရက်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရနိုင်ပါတယ်။

လက်ရှိမှာတော့ ဟက်ဂ်ဆက်သ်ဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ခြေရှိတဲ့အပြင် လွှတ်တော်ရဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ပါ ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

Ref & Photo: Reuters


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စဖို့ ထရမ့် ကြိုးပမ်းလာနိုင် နိုင်ငံတကာသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စဖို့ ထရမ့် ကြိုးပမ်းလာနိုင်

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ထိုးနှက်ချက်ခံခဲ့ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ကျန်သမ္မတသက်တမ်း ၂ နှစ်အတွင်း နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုရဖို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်စဖို့ ကြိုးပမ်းလာနိုင်တယ်လို့…

ဖတ်ရန်
ဝက်မွေးမြူရေးခြံက မစင်ကျင်းထဲ ပြုတ်ကျသူကို ကယ်ဖို့ကြိုးစားရင်း ဦးလေးနဲ့ တူဖြစ်သူ အပါအဝင် ၃ ဦးစလုံး သေဆုံး နိုင်ငံတကာသတင်း

ဝက်မွေးမြူရေးခြံက မစင်ကျင်းထဲ ပြုတ်ကျသူကို ကယ်ဖို့ကြိုးစားရင်း ဦးလေးနဲ့ တူဖြစ်သူ အပါအဝင် ၃ ဦးစလုံး သေဆုံး

စပိန်နိုင်ငံက ဝက်မွေးမြူရေးခြံတခုရဲ့ တိရစ္ဆာန်မစင်စွန့်ပစ်တဲ့ ကျင်းထဲ လူတဦး ပြုတ်ကျခဲ့ရာကနေ ကယ်ဆယ်ဖို့ ကြိုးစားခဲ့သူ ၃ ဦး အဆိပ်ငွေ့ရှူမိပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ နိုင်ငံတကာသတင်း

ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်သွားခဲ့တာဟာ တရုတ်နိုင်ငံအတွက် ရေတိုအကျိုးအမြတ်တွေ ရလာနိုင်ပေမယ့်၊ ရေရှည်မှာတော့ ခန့်မှန်းရခက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက…

ဖတ်ရန်
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်အတွက် လက်နက်ရောင်းချမယ့် အစီအစဉ်တွေ ဆက်ရှိနေဦးမယ်လို့ဆို နိုင်ငံတကာသတင်း

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်အတွက် လက်နက်ရောင်းချမယ့် အစီအစဉ်တွေ ဆက်ရှိနေဦးမယ်လို့ဆို

အမေရိကန်နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ ထိုင်ဝမ်အတွက် လက်နက်ရောင်းချရေးနဲ့ ကာကွယ်ရေးအကူအညီတွေကို အမေရိကန်လွှတ်တော်က ဆက်လက်ကူညီထောက်ခံသွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝဲလင်တန်ကူးက ပြောဆိုလိုက်ပါတယ်။

ဖတ်ရန်