အရေးပေါ်
ပြည်တွင်းသတင်း

လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေကို အာဏာသိမ်းအစိုးရ ခြိမ်းခြောက်

၂၀၂၆ နိုဝင်ဘာ ၆ Myo Taw
လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေကို အာဏာသိမ်းအစိုးရ ခြိမ်းခြောက်

လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေကို အာဏာသိမ်းအစိုးရ ခြိမ်းခြောက်

နိုဝင်ဘာ ၆

ကိုရီးယားနိုင်ငံကို G to G စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုထံ တရားဝင် ငွေလွှဲစနစ်မှတစ်ဆင့် မဖြစ်မနေ လွှဲပို့ဖို့နဲ့ ပျက်ကွက်ပါက အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာခဲ့တယ်လို့ ကိုးရီးယားရောက် လုပ်သားတွေထံမှ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက G to G စနစ်နဲ့ ကိုရီးယားနိုင်ငံ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ မိသားစု လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ညွှန်ကြားချက်နဲ့အညီ ပြန်လည်လွှဲပို့သူ နည်းပါးနေကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် မပျက်မကွက် လွှဲပို့ဖို့နဲ့ ပျက်ကွက်ပါက လိုအပ်သလို အရေးယူသွားမယ်လို့ နိုဝင်ဘာလအတွင်းက ထုတ်ပြန်လာခဲ့တာပါ။

ကိုရီးယားရောက် မြန်မာအလုပ်သမားတွေက ငွေလွှဲတာ မရှိကြတာမဟုတ်ဘဲ တရားဝင်ငွေလွှဲစနစ်နဲ့ ပြင်ပငွေလဲနှုန်း ကွာဟချက် ကြီးမားနေတာကြောင့် တရားဝင်လမ်းကြောင်းကို ရှောင်ရှားနေရတာလို့ ကိုရီးယားရောက် G to G စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ အမျိုးသား အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။

“အလုပ်သမားတွေက ငွေမလွှဲတာ မဟုတ်ပါဘူး။ ငွေလွှဲကြပါတယ်။ အခြားနည်းလမ်းတွေကနေ လွှဲနေကြတာပါ။ ငွေလဲနှုန်းထား မတူလို့ပါ။ လုပ်ရမှာက တရားဝင် RBL ငွေလွှဲနှုန်းကို ပြင်ပပေါက်ဈေးနဲ့ တစ်ခုတည်းဖြစ်အောင် လုပ်ပေးဖို့ပါ။ အဲဒီလိုလုပ်ပေးရင် ပိုမိုလုံခြုံတဲ့ RBL လမ်းကြောင်းကနေ ငွေတွေဝင်လာမှာပါ။ ၂၅ ရာခိုင်နှုန်းတင်မကဘဲ ပိုပြီးတောင် လွှဲကြပါလိမ့်မယ်” လို့ သူကပြောပါတယ်။

တရားဝင်ငွေလွှဲနှုန်းနဲ့ ပြင်ပပေါက်ဈေးကြား ကွာဟမှုကြောင့် ငွေပမာဏများများ လွှဲပို့ရတဲ့အခါ လက်ခံရရှိမယ့် ကျပ်ငွေတန်ဖိုး သိသိသာသာ လျော့နည်းသွားပြီး ကိုယ်တိုင်ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ လုပ်ခလစာတန်ဖိုးကို ဆုံးရှုံးရတဲ့အခြေအနေ ဖြစ်နေတာလို့ သူကဆိုပါတယ်။

G to G စနစ်နဲ့ ပြည်ပစေလွှတ်တဲ့ အလုပ်သမားတွေ ချုပ်ဆိုထားတဲ့ ခံဝန်စာချုပ်မှာ သတ်မှတ်ချက် ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ၃ နှစ် တားမြစ်ပိတ်ပင်မယ်လို့ ထည့်သွင်းထားပါတယ်။

အာဏာသိမ်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်မှာ ပြည်ပရောက် အလုပ်သမားတွေအနေနဲ့ မိမိတို့ရရှိတဲ့ လုပ်ခလစာရဲ့အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေထံ လွှဲပို့ရမယ်လို့ သတ်မှတ်ခဲ့ကာ တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိသူ သို့မဟုတ် ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ တရားဝင် ငွေလမ်းကြောင်းကနေ လွှဲဖို့နဲ့ လွှဲတာပျက်ကွက်ရင် အရေးယူတာတွေ လုပ်မယ်လို့ အမိန့်ထုတ်ခဲ့တာပါ။

ဒါ့အပြင် အလုပ်သမားတွေကြား တစ်လတစ်ကြိမ်လွှဲဖို့ သို့မဟုတ် ၃ လစာကို စုပေါင်းကာ ၃ လတစ်ကြိမ် လွှဲဖို့ဆိုတဲ့ သတ်မှတ်ချက်အပေါ်မှာလည်း လက်တွေ့ဆောင်ရွက်နေတဲ့ ဌာနတွေရဲ့ ညွှန်ကြားချက်တွေ ကွဲလွဲနေတာတွေ ရှိတာကိုလည်း အလုပ်သမားတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

“နေပြည်တော်က အလုပ်သမားဝန်ကြီးဘက်က နောက်ဆုံး ၃ လစာ ပို့ရင်ရတယ်လို့ ပြောပေမဲ့ အောက်ခြေမှာ တိုက်ရိုက်ဆက်ဆံရတဲ့ အေဂျင်စီတွေကျတော့ အစကနေအဆုံးအထိ လွှဲထားရမယ်ဆိုပြီး ပြောနေကြတယ်။ အပေါ်ကပြောတာနဲ့ အောက်ကလုပ်တာ မတူဘူး။ အလုပ်သမားတွေအနေနဲ့ ဘယ်ညွှန်ကြားချက်ကို လိုက်နာရမလဲ ဆိုတာတောင် မရှင်းလင်းတော့ဘူး” လို့ ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

သတ်မှတ်ချက်အရ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ ၂၅ ရာခိုင်နှုန်း လွှဲပို့နိုင်သကဲ့သို့ အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်းအနည်းဆုံး ၂၅ ရာခိုင်နှုန်းကိုလည်း လွှဲပို့နိုင်တယ်လို့ ဖော်ပြထားခဲ့တာပါ။

ငွေလဲနှုန်း ကွာဟမှုနဲ့ တရားဝင် ငွေလွှဲစနစ်အပေါ် ယုံကြည်မှု အားနည်းနေတဲ့ အခြေအနေကို မဖြေရှင်းဘဲ ၃ နှစ်အထိ ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်တဲ့ ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်နေတာက ပြည်ပရောက် အလုပ်သမားတွေ အပေါ် စီးပွားရေးဖိအားနဲ့ အုပ်ချုပ်ရေးဖိအားကို ထပ်မံပေးနေတာ ဖြစ်တယ်လို့ ပြည်ပအလုပ်သမားအရေး လှုပ်ရှားနေသူ အမျိုးသားတစ်ဦးက ထောက်ပြထားပါတယ်။

"အပြင်ပေါက်ဈေးနဲ့ ကွာနေတာကို တရားဝင်လွှဲပါဆိုတော့ ဘယ်သူက လွှဲချင်မှာလဲ။ အလုပ်သမားတွေရဲ့ လုပ်ခလစာကို နိုင်ငံတော်အနေနဲ့ အခွန်ကောက်တာ ရှိပြီးသားပါ။ ဘဏ်တွေကိုပါ ထပ်ပြီး အကျိုးအမြတ်ရအောင် လုပ်ပေးနေရသလို ဖြစ်နေပြီ။ ငွေလဲနှုန်းကွာဟမှုကို လျှော့ချပေးရင် အားလုံးတရားဝင် လွှဲကြမှာပါ”လို့ သူကပြောပါတယ်။

တရားဝင်လမ်းကြောင်းကနေ နိုင်ငံခြားငွေလွှဲပို့မှု နည်းပါးလာတဲ့ အဓိကအချက်က ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းက ပြင်ပငွေလဲနှုန်းဈေးနဲ့ ၂ ဆ နီးပါး ကွာဟနေတာကြောင့် ဖြစ်တယ်လို့လည်း ပြည်တွင်း၊ ပြည်ပ အလုပ်ကိုင်အေဂျင်စီတွေထံက သိရပါတယ်။

အရင်ကနိုင်ငံအလိုက် ငွေလွှဲပြောင်းရာမှာ မြန်မာနိုင်ငံရှိ တရားဝင် ဘယ်ဘဏ်က လွှဲပြောင်းတယ်ဆိုတဲ့ အလုပ်သမားတွေရဲ့ အထောက်ထားတွေကို အေဂျင်စီတွေက အလုပ်သမားဝန်ကြီးဌာနကို ၄ လ တစ်ကြိမ် တင်ပြရပေမဲ့ ၂၀၂၆ ခုနစ်အတွင်းမှာတော့ ပို့လိုက်တဲ့ လုပ်သားဦးရေ အားလုံးရဲ့ လွှဲပို့ငွေတွေကို လတိုင်းတင်ပြဖို့ ဝန်ကြီးဌာနက ဖိအားပေးနေတာတွေ ရှိလာခဲ့တယ်လို့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ ပြည်တွင်းသတင်း

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…

ဖတ်ရန်
မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ ပြည်တွင်းသတင်း

မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…

ဖတ်ရန်
နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ ပြည်တွင်းသတင်း

နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်