အရေးပေါ်
မိုးလေဝသ

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၅ Myo Taw
လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

ဇူလိုင် ၂၅

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေတဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာ ဖြစ်ပေါ် နေ‌တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းဟာ နောက်လာမယ့် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။

မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကရင်နီပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို

ECMWF နှင့် ICON မော်ဒယ် တို့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် -…

ဖတ်ရန်
မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို မိုးလေဝသ

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို

ICON မော်ဒယ်ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း/ကမ်းလွန်မှာ သမုဒ္ဒရာလေစီးပတ်လမ်းကြောင်း စတင်ဖွဲ့စည်းနေပြီး ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် ကမ်းလွန်နှင့် အိန္ဒိယ-စစ်တကောင်း ကမ်းရိုးတန်းအနီး)မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း / လေပွေလှိုင်းတခု ဗဟိုပြုဖြစ်ပေါ်လာနိုင်တယ်လို့ ICON MODEL က ခန့်မှန်းထားပါတယ်။

ဖတ်ရန်
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို မိုးလေဝသ

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို

ECMWF, GFS နှင့် ICON မော်ဒယ်တွေရဲ့ မိုးလေဝသ ထုတ်ပြန်ချက်တွေအရ ဖိလစ်ပိုင်နိုင်ငံ လူဇုန်းကျွန်း (Luzon) မြောက်ဘက်/အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့…

ဖတ်ရန်