အရေးပေါ်
မိုးလေဝသ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၈ Myo Taw
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

ဇူလိုင် ၂၈

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၂၈ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်း နေပြီး တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။

မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကရင်နီပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှာ မိုးဆက်လက် ပိုလာနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို မိုးလေဝသ

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေတဲ့…

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို

ECMWF နှင့် ICON မော်ဒယ် တို့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် -…

ဖတ်ရန်
မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို မိုးလေဝသ

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို

ICON မော်ဒယ်ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း/ကမ်းလွန်မှာ သမုဒ္ဒရာလေစီးပတ်လမ်းကြောင်း စတင်ဖွဲ့စည်းနေပြီး ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် ကမ်းလွန်နှင့် အိန္ဒိယ-စစ်တကောင်း ကမ်းရိုးတန်းအနီး)မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း / လေပွေလှိုင်းတခု ဗဟိုပြုဖြစ်ပေါ်လာနိုင်တယ်လို့ ICON MODEL က ခန့်မှန်းထားပါတယ်။

ဖတ်ရန်