အရေးပေါ်
မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုနှင့်အတူ နိုင်ငံအနှံ့မှာ မိုးဆက်လက် ရွာသွန်းမယ်လို့ဆို

ဇူလိုင် ၂၂

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် ကမ်းလွန်နှင့် အိန္ဒိယ-စစ်တကောင်း ကမ်းရိုးတန်းအနီး)မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း / လေပွေလှိုင်းတခု ဗဟိုပြုဖြစ်ပေါ်လာနိုင်တယ်လို့ ICON MODEL က ခန့်မှန်းထားပါတယ်။

ဇူလိုင်လ ၂၄ ရက် မှ ၂၅ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်းတို့ရဲ့ ပူးပေါင်းဆွဲအားကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်မှတဆင့် ကုန်းတွင်းပိုင်းသို့ အနောက်တောင် မုတ်သုံလေဟာ အလွန်အားကောင်းလျက် ရှိတယ်လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ ဖြတ်သန်းလာတဲ့ အားကောင်းတဲ့ မုတ်သုံလေတွန်းအားကြောင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တို့မှာ လာမယ့် ၅ ရက်အထိ ရက်ဆက် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း - မောင်တော၊ စစ်တွေ)တို့မှာ လာမယ့် ၅ ရက်အတွင်း မိုးရေချိန် ၂၅၀ မှ ၄၀၀ မီလီမီတာအထက် ရရှိနိုင်ပြီး မိုးအလွန်ကြီးနိုင်ကာ ရခိုင်ပြည်နယ် (တောင်ပိုင်း)မှာ မိုးရေချိန် ၁၅၀ မှ ၂၅၀ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ လာမယ့် ၅ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၂၅ မှ ၂၀၀ မီလီမီတာအထိ ရရှိနိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်မယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ လာမယ့် ၅ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၀၀ မှ ၁၇၅ မီလီမီတာအထိ ရရှိနိုင်ပြီး စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့မှာ မိုးရေချိန် ၄၀ မှ ၇၅ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ လာမယ့် ၅ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၇၅ မှ ၁၂၅ မီလီမီတာအထိ ရရှိနိုင်ပြီး နေပြည်တော်မှာ မိုးရေချိန် ၅၀ မှ ၉၀ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ၎င်းနှင့်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း/စစ်တကောင်း ကမ်းရိုးတန်းတလျှောက်မှာ လာမယ့် ၅ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၃၀၀ မီလီမီတာမှ ၄၅၀ မီလီမီတာအထက်သို့ ရောက်ရှိနိုင်တာကြောင့် မိုးရေချိန် အလွန်မြင့်မားနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို မိုးလေဝသ

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို

ECMWF, GFS နှင့် ICON မော်ဒယ်တွေရဲ့ မိုးလေဝသ ထုတ်ပြန်ချက်တွေအရ ဖိလစ်ပိုင်နိုင်ငံ လူဇုန်းကျွန်း (Luzon) မြောက်ဘက်/အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့…

ဖတ်ရန်
အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ El Niño (အယ်လ်နီညို) အခြေအနေဟာ ပိုမိုခိုင်မာလာပြီး လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ တလျှောက်လုံး ဗဟိုနှင့်…

ဖတ်ရန်
တောင်တရုတ်ပင်လယ်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးရေချိန် မြင့်မားမယ်လို့ဆို မိုးလေဝသ

တောင်တရုတ်ပင်လယ်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးရေချိန် မြင့်မားမယ်လို့ဆို

တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နိုင်ငံမြောက်ဘက်နှင့် ထိုင်ဝမ်ကျွန်း တောင်ဘက်ရေပြင်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဖတ်ရန်
ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

လာမယ့် ၇ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ပုံမှန်ထက် အားကောင်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း တို့ရဲ့ သက်ရောက်မှုကြောင့်…

ဖတ်ရန်